Pages

Pages

Wednesday, October 30, 2013

Double Click နဲ့ဖွင့်မရတဲ့ Folder ကို.. Double Click နဲ့ဖွင့်မရတဲ့ Folder ကို..ဖွင့်လို့ရအောင်

File Folder ကိုရော၊ Drive ကိုရော icon ပြောင်းလိုက်လို့ Double Click နိုပ်ရင် ပွင့်မလာတော့ဘူး ဆိုပါစို့....
အဲဒါဆိုဘယ်လိုလုပ်ရပါ့...
မခက်ခဲပါဘူး
Folder ကို အောက်ပါနည်းအတိုင်း ပြန်ပြင်နိုင်ရင်အဆင်ပြေသွားပါပြီ..
Run မှာ regedit လို့ ရေးပြီး Registry Editor ကို ၀င်ပါတယ်။
HKEY_CLASSES_ROOT>Directory>shell ကိုဝင်ပါ..
shell ကို click ပြီး ညာဘက်ကပေါ်လာတဲ့ သူ့ရဲ့ Default ဆိုတဲ့ item လေးကို
Double Click ပေးပြီး Value ကို none လို့ရေးပေးလိုက်ပါ...
ဒါဆို Folder က ဖွင့်လို့ရသွားပါပြီ...
Drive ကို ပြောင်းမိလို့ search နဲ့ ပွင့်နေရင် Run မှာ အောက်ပါအတိုင်း ရိုက်ထည့်လိုက်ပါ။
regsvr32 /i shell32.dll
window တစ်ခု တက်ပြီး သတိပေးပါ့မယ်.. ok လို့ပြောလိုက်ရင်ရပါပြီ..

No comments:

Post a Comment