Pages

Ads 468x60px

Labels

Marquee

ရွှေညောင်သားလေးတစ်ယောက်ရဲ့ မှတ်စုဖြစ်ပါတယ္။ လေ့လာသူတစ်ယောက် ဖြစ်လို့ မှားတာပါလျှင် ကျွန်ုပ်အပြစ်သာဖြစ်ပေတယ်။

Tuesday, July 17, 2012

Network Remote computer setting


Remote လှမ်းသုံးမည့်စက် ( Local Network ပေါ်မှတဆင့် လှမ်း၍ အသုံးချခြင်း ခံရသည့်စက် ) တွင် လုပ်ရန် ....

My Computer >>> Right Click >>> Properties Windows logo + Pause Break

And than go to Remote Tab >>> (Allow Remote Assistance invitations to be sent from this computer) ဆိုသည့်စာသားတွင် အမှန်ခြစ်ရှိပြီးသား ဖြစ်နေလိမ့်မည်။ မရှိပါကလည်း အမှန်ခြစ်ပေးလိုက်ပါ။ ( Remote ပြုလုပ်ပါမည် ဖြစ်ကြောင်းကြေငြာလိုက်ခြင်း ဖြစ်သည်။)

ပြီးလျှင် (Allow users to connect remothely to this computer) ဆိုသည့် စာသားတွင် အမှန်ခြစ် ပြုလုပ်ပေးပါ။ ( ဆိုလိုသည့်သဘောမှာ မိမိစက်ကိုလည်း Local Network အတွင်းရှိ မည့်သည့်စက်မဆို Remote Control လှမ်းလုပ်လာလျှင် လည်းခွင့်ပြုပါသည်) ဟုပြောလိုက်ခြင်းပင်ဖြစ်သည်။ OK ဖြင့်ထွက်ပါ။

ထို့ နောက် Start>>> Control Panel >>>User Accounts ကိုသွားပါ။ မိမိစက်တွင် သုံးနေသော User Account ကို ရွေးပါ။ Create a Password ကိုရွေး၍ မိမိအသုံးပြုချင်သော Password ကိုပေးပါ။ မိမိ၏စက်သည် တခြားစက်တွေနှင့် Network မိနေဖို့ လိုပါသည်။ ဒါဆိုလျှင် Remote လုပ်ငန်းစတင်လို့  ရပါပြီ။

ထို့ ကြောင့် Network မိနေသော တခြားတစက်စက်မှနေ၍ Remote လှမ်းလုပ်ချင်လျှင်...

Start>>>Programs>>>Accessories>>>Communications>>>Remote Desktop Connection start>>>run ( mstsc ) လို့ ရိုက်ထည့်၍လည်း အသုံးချနိုင်ပါသည်။

Remote Desktop Connection Box ကျလာပါက Computer ဆိုသည့် Text Box တွင် မိမိ Remote လှမ်းလုပ်မည့် စက်၏ Computer Name IP Address ကို ရိုက်ထည့်ပေးရပါမည်။ ထို့ နောက် Remote နှင့်ပတ်သက်ပြီး ဘာတွေ အသုံးပြုလို့ ရသလဲသိဖို့ အတွက် Options ဆိုသည့် Button တွင်နှိပ်ပါ။

General Tab တွင်

Remote လှမ်းလုပ်မည့်စက်၏ Computer Name IP Address, Locally User Password တို့ ကို သိမ်းထားနိုင်ပါသည်။

Display Tab တွင်

Remote လှမ်းလုပ်မည့်စက်၏ Screen setting, Color Resolution ကိုလည်း စိတ်ကြိုက်ကြိုတင်ပြင်ထားနိုင်ပါသည်။

Local Resources Tab တွင်

Remote လှမ်းလုပ်မည့်စက်၏ အသံပိုင်းဆိုင်ရာကို တစ်ဆက်ထည်း ယူသုံးမည်/ မသုံးမည်။ Keyboard setting, ဒါ့အပြင်အရေးကြီးဆုံးဖြစ်သည့် မိမိ၏ စက်Drive C:,D:, CDROM/RW (မှတ်ချက်။ ။ Remote လုပ်ခံရသည့်စက်ကို ပြောချင်း မဟုတ်ပါ။) တို့ ကိုပါတစ်ပါတည်း Share ပေးစေချင်ပါက ၄င်းကို Local Devices and Resources ရှိ More button တွင်ပြုလုပ်နိုင်ပါသည်။

Programs Tab တွင်

Remote လှမ်းလုပ်မည့်စက်ကိုချိတ်ဆက်လိုက်သည်နှင့်တစ်ပြိုင်နက်ထဲ Auto Run စေချင်သော Program များကိုသတ်မှတ်ပေးထားနိုင်ပါသည်။

Experience Tab တွင်

Remote လှမ်းလုပ်မည့်စက်ကို လှမ်း၍ ချိတ်ဆက်မည့် Network Type အမျိုးအစားနှင့် ၄င်းစက်အတွင်းရှိ Desktop Background, Themes., စသည်တို့  ကိုလည်းပြောင်းလည်းပေးနိုင်ပါသည်။

Advanced Tab တွင်

Remote လှမ်းလုပ်မည့်စက်ကိုလှမ်းချိတ်ဆက်မည့် Security Policy နှင့် TS (Terminal Services) Gateway Server online remote အတွက် Setting တို့ ကိုထည့်သွင်းပေးနိုင်ပါသည်။

အခုလောက်ဆိုလျှင်ဖြင့် Remote Option တို့ ကို အထိုက်အလျှောက်သိပြီးဆိုတော့ ဆက်လက်ပြီးတော့ Connect Button ကိုနှိပ်၍ ချိတ်ဆက်လိုက်ကြအုန်းစို့ ...

တစ်ဖက်သို့ ချိတ်ဆက်ရာတွင် Security အရ... Remote လှမ်းလုပ်မည့်စက်၏ User Name နှင့် Password ကိုမှန်အောင်ရိုက်၍ မိမိစိတ်တိုင်းကြ မိမိကိုယ်ပိုင်စက်လို သဘောထားပြီး လုပ်ချင်သလိုသာလုပ်ကြတော့ဗျို့ ... အသုံးပြုလို့ ပြီးလျှင်တော့ Start>>> Disconnect လို့ ပြောပြီး ဆက်သွယ်မှုကို ပြန်ဖြုတ်ချပါ။

0 comments:

About Me

My photo
အားလုံးကိုကြိုဆိုပါတယ်
 
Blogger Templates