Pages

Pages

Saturday, July 21, 2012

Command Prompt မှ DRIVE ဖျောက်နည်းဖော်နည်း

1. Start > Run > Cmd လို့ရိုက်လိုက်ပါ။
2. ကျလာတဲ့ Cmd Box လေးထဲမှာ diskpart လို့ရိုက်ပြီး Enter ခေါက်လိုက်ပါ။
3. နောက်တစ်ဆင့် အနေနဲ့ list volume လို့ရိုက်ပြီး Enter ခေါက်လိုက်ပါ။
မိမိစက်ထဲမှာရှိတဲ့ Drive တွေရဲ့ List ကိုပြသပေးပါတယ်။


4. အဲ့ဒီကမှာ မိမိဖျောက်ချင်တဲ့ Drive ရဲ့ Volume နံပါတ်ကို
ရွေးပေးရပါမယ်။ ဒါကြောင့် select volume 2 လို့ရိုက်ပေးလိုက်ပါ။
ဘာကြောင့်လဲဆိုတော့ ကျွန်တော်က Drive E ကိုဖျောက်ချင်လို့ပါ။


5. နောက်ဆုံးအဆင့် အနေနဲ့ Remove Letter E လို့ရိုက်ပေးလိုက်ပါ။
ကျွန်တော်က E ကိုဖျောက်မှာမို့ E လို့ရွေးပေးတာပါ။ E နေရာမှာ
မိမိဖျောက်ချင်တဲ့ Drive Letter ရွေးပေးရမှာ ဖြစ်ပါတယ်။


6. Reboot ပေးရမယ်လို့ ပြောထားတဲ့ အတွက် Restart ပေးလိုက်ရင်
မိမိဖျောက်ထားတဲ့ Drive လေး ပျောက်သွားမှာဖြစ်ပါတယ်။

ပြန်ဖော်နည်း
တကယ်လို့ မိမိကပြန်ဖော်ချင် ပါတယ်ဆိုရင် အဆင့် (၁) မှ (၄) အထိကို
အရင်ဆုံးလုပ်ဆောင် ပေးရပါမယ်။ အဆင့် (၅)နေရာရောက်လာရင် Remove Letter E
နေရာမှ assign Letter E လို့ ရိုက်ပေးလိုက်တာနဲ့ မိမိဖျောက်ထားတဲ့ Drive
လေး ပြန်ပေါ်လာမှာဖြစ်ပါတယ်။

No comments:

Post a Comment