Pages

Ads 468x60px

Labels

Marquee

ရွှေညောင်သားလေးတစ်ယောက်ရဲ့ မှတျစုဖွဈပါတယ်။ လေ့လာသူတစ်ယောက် ဖြစ်လို့ မှားတာပါလျှင် ကျွန်ုပ်အပြစ်သာဖြစ်ပေတယ်။

Saturday, December 12, 2020

Drive ထဲက ဖိုင် copy လုပ်မရအောင်

Passwordမခံပဲ File/Folder တွေကို ကူးလို့မရအောင် ပြင်ကြည့်မယ်.......

ကိုယ့်ကွန်ပျူတာထဲက ဖိုင်တွေကို ကြည့်လို့ပဲရပြီး ဘယ်Driveနဲ့မှ မကူးစေချင်လို့ ပိတ်ထားချင်တယ်၊ Passwordလည်း ခံမထားချင်ဘူးဆိုရင် ဒီနည်းလေးနဲ့ပြင်ကြည့်ပါ။

တစ်ခုရှိတာက ကိုယ့်ရဲ့ကွန်ပျူတာက အကောင့်တွေခွဲထားတယ်ဆိုရင် Administrator အကောင့်မှာပဲ ပြုလုပ်လို့ရပါတယ်ဆိုတာ သိထားစေချင်ပါတယ်။

ဒီနည်းကတော့ Registry Editor ကနေ ပြုလုပ်နည်းဖြစ်ပါတယ်။

 ပထမဆုံး Window+Rနှိပ်ပြီး Run Box ကိုခေါ်လိုက်ပါ။

 regedit လို့ရေးထည့်ပြီး Enterခေါက်ပါ။ Registry Editor Box ကျလာပါလိမ့်မယ်။ ထို့နောက် အောက်ပါအတိုင်း အဆင့်ဆင့် Double Click နှိပ်ပြီး ဖွင့်သွားပါ။

 HKEY_LOCAL_MACHINE --> System --> CurrentControlSet --> Control

 Control ကို ဖွင့်ပြီးနောက် StorageDevicePolicies ကိုရှာကြည့်ပါ။ ရှိတဲ့သူတွေကတော့ ဘာမှထပ်လုပ်ပေးစရာမလိုပါဘူး။

 မရှိသေးတဲ့သူတွေအတွက်ကတော့ Control ကို Click နှိပ်၍ Select လုပ်ထားပါ။ ညာဘက်ခြမ်းလွတ်တဲ့နေရာ (Right Pane) မှာ Right Clickနှိပ်ပြီး New --> Key ကိုနှိပ်ပါ။ အဲ့ဒီနောက် ဘယ်ဘက်ခြမ်း (Left Pane)နေရာမှာ Newkey#1 ဆိုပြီး Folder တစ်ခုပေါ်လာပါလိမ့်မယ်။ အဲ့ဒီ Folderပေါ်မှာ Right Click-->Rename နှိပ်ပြီး StorageDevice Policies လို့ရိုက်ထည့်ပြီး enter ခေါက်လိုက်ပါ။

 StorageDevicePolicies Fiel ကို ကလစ်နှိပ်လိုက်ပါ။ ပြီးရင် ညာဘက်ခြမ်းလွတ်တဲ့နေရာ (Right Pane) မှာ Right Clickနှိပ်ပြီး
New --> DWORD Value ကိုရွေးလိုက်ပါ။ New value#1 ဆိုပြီးပေါ်လာပါလိမ့်မယ်။ အဲ့ဒီ New value#1 ပေါ်မှာ Right Click --> Rename လုပ်ပြီး WriteProtect လို့ရေး Enterခေါက်လိုက်ပါ။

 နာမည်ပေးပြီးသွားရင် WriteProtect ပေါ်မှာ Double Click နှိပ်လိုက်ပါ။ Box ပေါ်လာရင် Value Data ရဲ့အောက်မှာ 1 လို့ရေးထည့်ပြီး Ok ဖြင့်ထွက်ပါ။

 ဒါဆိုရင်တော့ ကိုယ့်ရဲ့စက်ထဲက File/Folder တွေကို ဘယ်သူမှ ကူးလို့မရနိုင်တော့ပါဘူး။

 တကယ်လို့ ပြန်ပြင်ချင်တယ်ဆိုရင်တော့ အပေါ်ကအတိုင်း အဆင့်ဆင့်ပြန်ဝင်ပြီး WriteProtect နာမည်နဲ့ဖိုင်ကို Delete လုပ်လိုက်ပြီး registry ကနေပြန်ထွက်လိုက်မယ်ဆိုရင် အရင်အတိုင်း File/Folderတွေကို Driveတွေနဲ့ ပြန်လည်ကူးယူနိုင်မှာဖြစ်ပါတယ်။


0 comments:

About Me

My photo
အားလံုးကိုႀကိဳဆိုပါတယ္
 
Blogger Templates