Pages

Ads 468x60px

Labels

Marquee

ရွှေညောင်သားလေးတစ်ယောက်ရဲ့ မှတ်စုဖြစ်ပါတယ္။ လေ့လာသူတစ်ယောက် ဖြစ်လို့ မှားတာပါလျှင် ကျွန်ုပ်အပြစ်သာဖြစ်ပေတယ်။

Friday, July 19, 2013

firefox ကြီးမြန်လာအောင် setting လေးတွေပြောင်း

Mozilla Firefox ကိုဖွင့်လိုက်ပါ

Address Bar  မှာ about:config လို့ရိုက်ထည့်ပြီး ENTER နှိပ်ပါ

network.http.pipelining သူ့ရဲ့ Value Field မှာ False ဖြစ်နေတာကို
Double Click နှိပ်ပေးလိုက်ပါ .. အဲဒီအခါ True ဆိုပြီး အလိုလိုပြောင်းသွားပါလိမ့်မယ်

network.http.pipelining.maxrequests ကိုရှာပါ။
သူ့ကို Double Click နှိပ်လိုက်ရင် Box တစ်ခုတက်လာပါမယ် ..
အဲဒီထဲက တန်ဘိုးကို 8 လို့ပြောင်းပြီး OK နှိပ်လိုက်ပါ ..

network.http.proxy.pipelining ကိုထပ်ရှာပါ ..။
သူ့ကို Double Click နှိပ်လိုက်ရင် သူ့တန်ဘိုးက အလိုလို True ဆိုပြီးပြောင်းသွားပါလိမ့်မယ် ..

network.dns.disableIPv6 ကိုရှာပြီး Double Click နှိပ်ပြီး True ပြောင်းပေးပါ ..

ပြီးရင် အဲဒီ Page  ရဲ့ ညာဘက်က လွတ်နေတဲ့  နေရာမှာ Right Click နှိပ်ပြီး
ပေါ်လာတဲ့ Menu ထဲက New ကိုရွေးပြီး Boolen ကိုတဆင့် ရွေးပေးပါ။
 ပေါ်လာတဲ့ New boolean box ထဲမှာ content.interrupt.parsing လို့ရိုက်ထည့်ပါ။
OK ကိုနှိပ်ပေးလိုက်ရင် နောက်ထပ် True နဲ့ False ပါတဲ့ Box တစ်ခုပြောင်းသွားပါမယ် .. အဲဒီထဲက True ကိုရွေးပြီး OK ကိုနှိပ်လိုက်ပါ

content.max.tokenizing.time လို့ရိုက်ထည့်ပါ။
OK ပေးပြီး ပွင့်လာတဲ့ထဲက ကိန်းဂဏန်းတွေကို 2250000 လို့ပြောင်းပေးပြီး OK နှိပ်လိုက်ပါ ..

content.notify.interval လို့ရိုက်ထည့်ပါ။ OK ပေးပြီး ပွင့်လာတဲ့ထဲက တန်ဘိုးနေရာမှာ 750000
လို့ပြောင်းပေးပြီး OK နှိပ်ပါ ..

နောက်တစ်ခေါက် လွတ်တဲ့နေရာမှာ Right Click နှိပ်ပြီး
New ထဲက Boolen ကိုရွေးပါ။ ပေါ်လာတဲ့ New boolean value pop-up window မှာ
content.notify.ontimer လို့ရိုက်ထည့်ပါ။ OK ကိုနှိပ်ပေးပြီး ပွင့်လာတဲ့ထဲမှာ True ကိုရွေးပေးပြီး OK နှိပ်ပါ ..


နောက်တစ်ခေါက် လွတ်တဲ့နေရာမှာ Right Click နှိပ်ပြီး
New  ထဲက Integer ကိုရွေးပါဦး။ ပေါ်လာတဲ့ New Integer Pop up menu အတွင်းမှာ
content.notify.backoffcount လို့ရိုက်ထည့်ပါ။ OK ပေးပြီး ပွင့်လာတဲ့ထဲက တန်ဘိုးကို 5 လို့ထားပေးပါ။ OK နှိပ်ပါ


နောက်တစ်ခေါက် လွတ်တဲ့နေရာမှာ Right Click နှိပ်ပြီး New ထဲက Integer ကိုရွေးပါဦး။
ပေါ်လာတဲ့ New Integer Pop up menuအတွင်းမှာ content.switch.threshold လို့ရိုက်ထည့်ပါ။
OK ပေးပြီး ပွင့်လာတဲ့ထဲကတန်ဘိုးကို 750000 လို့ထားပေးလိုက်ပါ။ OK နှိပ်ပါ ..


နောက်တစ်ခေါက် လွတ်တဲ့နေရာမှာ Right Click နှိပ်ပြီး New ထဲက Integer ကိုရွေးပါဦး။
ပေါ်လာတဲ့ New Integer Pop up menu အတွင်းမှာ nglayout.initialpaint.delay လို့ရိုက်ထည့်ပါ။
OK ပေးပြီး ပွင့်လာတဲ့ထဲက တန်ဘိုးမှာ 0 ထားလိုက်ပါ။ OK နှိပ်လိုက်ပါ ..
 အားလုံးပြီးသွားရင်တော့ Mozilla Firefox ကိုပိတ်လိုက်ပြီး ပြန်ဖွင့်သုံးကြည့်လိုက်ပါ ..



0 comments:

About Me

My photo
အားလုံးကိုကြိုဆိုပါတယ်
 
Blogger Templates